မြစ်ဆုံ
http://myitsone.co.cc

ကုန်လွန်နေတဲ့ရက်စွဲများ

ချစ်သူမုန်းသူအားလုံး

အကြောင်းအရာ

တင်ခဲ့ပြီးသောပို့စ်များ

Archives

အကြံပြုချက်များ

Cj Ads

Adsense 1

Adsense 2

Click Bank

ပို့စ်အငှါးတင်ပေးခြင်း

ကိုနေမျိုးဝေမှသူ့ဆိုဒ်တွင်တင်ရန်ရှိသောဆောင်းပါးများကိုတင်ရန်ခက်ခဲသောကြောင့်ကျနော့်ဆိုဒ်တွင်တင်
ပေးရန်အကူအညီတောင်းလာပါသည်၊ထို့ကြောင့်သူ၏ဆောင်းပါးနှစ်ပုဒ်ကိုလင့်အဖြစ်တင်ပေးလိုက်ပါသည်၊
ပို့စ်အဖြစ်တင်ပေးပါကအချို့အရာများကျကျန်နေမည်စိုးသောကြောင့်ပါ။
(ဒီပို့စ်ကိုတင်ပေးသောကြောင့်မလိုလားသောဆရာ့ဆရာကြီးများ၏ဆဲဆိုမှု့ကိုခံယူရန်လည်းအသင့်ပြင်ထား
ကြောင်းသတင်းကောင်းပါးအပ်ပါသည်)

၁.စိတ်ကူးစံနိုင်ငံရေးသမား၊လူသားစံနိုင်ငံရေးသမားနှင့်ဘေးထွက်ဆိုးကျိုးနိုင်ငံရေးသမား

၂.မြန်မာ့နိုင်ငံရေးရှေ့ခရီးအကြိုသုံးသပ်ချက်စာတမ်း

မပြောဖြစ်ခဲ့သောစကား မပေးဖြစ်ခဲ့သောစာများနှင့် ၂၀၁၀ကိုနုတ်ခွန်းဆက်ခြင်း

ဘလော့မရေးနိုင်တာလဲကြာလှရောပေါ့၊ပြောချင်တာတွေကများပြီးလက်ကမရေးနိုင်တော့စာမဖြစ်လာဘူးပေါ့၊လက်
ကမရေးနိုင်ဘူးဆိုလို့တလွှဲမထင်ကြနဲ့ဗျို့၊အလုပ်တွေကများပြီးစိတ်ရောလူပါပင်ပန်းလွန်းလို့ပါဗျာ။

ခုမှနှစ်သစ်ကူးရုံးပိတ်ရက်လေးမှာအနားရတုန်းမရေးဖြစ်ခဲ့သမျှတွေကိုရေးရတော့မပေါ့။

(၁)ဘလော့တခုထဲမှာ Youtube လင့်လေးပေးထားလို့ဘာများဘာလိမ့်ဆိုပြီးဝင်ကြည့်လိုက်တော့ဒေါ်အောင်ဆန်းစု
ကြည်နဲ့အမေရိကန်အရာရှိတွေတွေ့ဆုံကြတဲ့နေ့ကားပေါ်ကဆင်းပြီးခန်းမထဲဝင်သွားပုံနဲ့ခန်းမထဲကထွက်လာပြီး Read the rest of this entry »

ဒေါ်မေငြိမ်းသို့ရှင်းတမ်း

ပြောစရာရှိတာတော့ပြောရတော့မှာပေါ့၊မီဒီယာနဲ့ပါတ်သက်တဲ့အကြောင်းလေးတွေပါ၊တလောကဘလော့တကာလည်
ရင်းကိုလူသစ်ဘလော့ကိုရောက်သွားတော့မီဒီယာတွေရှော်ပုံကိုရေးထားတာဖတ်လိုက်ရတယ်၊ဒါနဲ့တဆက်ထဲကွန်မန့်
ပါဝင်ပေး လိုက်မိပါတယ်၊အဲဒါရဲ့အကျိုးအဆက်ကတော့ဆရာမဒေါ်မေငြိမ်းတယောက်မြစ်ဆုံရဲ့ဘလော့ထိလိုက်လာပြီး
ရန်တွေ့တယ်ပဲပြောရမလား၊သတိပေးတယ်ပဲပြောရမလား၊စီဘောက်ထဲမှာဒီလိုပြောသွားခဲ့ပါတယ်။ Read the rest of this entry »

အကူအညီတောင်းခံခြင်း

မင်္ဂလာပါမိတ်ဆွေတို့၊ကျနော်မောင်မြစ်ဆုံယောက်ပြန်ရောက်လို့လာပါပြီ၊ခရီးပမ်းလို့နဲနဲအနားယူမယ်ကြံ
တုန်းရှိသေးတယ်၊ကြားလိုက်ရတဲ့ဘော်ဒါတယောက်ရဲ့သတင်းလေးကြားလိုက်ရတာကြောင့်ဒီပို့စ်လေး
ကိုကမန်းကတန်းရေးလိုက်ရပါတယ်။

သူ့နာမည်ကကိုကျော်စွာမင်း၊ကျနော်တို့ကတော့ကိုကျော်စွာပေါ့၊လက်ပံတန်းသား၊လူကအေးအေးနဲ့စကား
တောင်လေးလုံးကွဲအောင်ပြောတဲ့လူမဟုတ်ဘူး၊အလုပ်ကလဲကျနော်တို့နဲ့နီးနီးနားနားဆိုတော့မြင်တွေ့နေ
ကျ၊သူကဖားကန့်မှာလည်းတော်တော်ကြာအောင်ကျောက်တူးဖူးတယ်၊ကျနော်ကလည်းဖားကန့်မှာကျောက်
စိမ်းတူးဖူးတော့ဖားကန့်အကြောင်းပြောရင်းတော်တော်လေးခင်သွားမိတယ်။

ကျနော်တို့အခေါ်တော့မှော်ကြာပေါ့ဗျာ၊အချင်းချင်းတွေ့ရင်တော့ဘယ်တော့မှနာမည်မခေါ်ကြဘူး၊မှော်ကြာ
ကြီးလို့ပဲခေါ်ကြတယ်၊ခုကျနော်ပြန်ရောက်လာတော့သူခြေထောက်ဖြတ်ရတယ်လို့ကြားလိုက်ရတယ်၊ဒါနဲ့သူ့
ဆီသွားပြီးအကျိုးအကြောင်းမေးကြည့်တော့မှအကြောင်းစုံသိရတယ်။

သူ့ခြေမမှာခြေစွယ်ငုပ်သလိုလေးဖြစ်နေတယ်၊ဒါကြောင့်ဆေးလေးဘာလေးရအောင်ဆိုပြီးဆေးရုံသွားတော့
ဆရာဝန်ကခြေသည်းကိုဆွဲနုတ်ပြစ်လိုက်တယ်၊ဆေးထည့်ပေးပြီးပြန်လွှတ်လိုက်ရော၊ဒီလိုနဲ့သူ့အနာကပြန်မ
ကောင်းလာတဲ့အပြင်အထဲမှာပုပ်ပြီးနံလာပါရော၊ဒါနဲ့ဆေးရုံပြန်သွားတော့ခြေမကိုဖြတ်ရမယ်လို့ပြောလာတယ်၊
ပထမတော့သူလည်းမဖြတ်ချင်တာနဲ့၊မဖြတ်လို့မရဘူးလားလို့မေးတော့ဆရာဝန်ကခြေမကိုမဖြတ်ရင်အထဲထိ
စားသွားလိမ့်မယ်လို့ဆိုတာနဲ့ဖြတ်ဖို့သဘောတူလိုက်ရတယ်။

နောက်ရက်ဆရာဝန်ကချိန်းပြီးဖြတ်လိုက်ရောဗျာ၊သူကလည်းခြေမပဲဖြတ်တာဆိုတော့စိတ်မကောင်းဦးတော့
လည်းဖြေသာတယ်ပေါ့၊ဒီလိုနဲ့ဖြတ်ထားတဲ့နေရာကကောင်းမသွားပဲပိုဆိုးလာတယ်၊ဆေးရုံပြန်သွားတော့နောက်
ထပ်ဖြတ်ရမယ်လို့ပြောပြန်ရော၊ဘယ်လောက်ထိဖြတ်ရမလဲဆိုတော့ခြေမျက်စိနားထိတဲ့၊ဒါဆိုဒုက္ခိတဖြစ်ပြီပေါ့၊
ခြေမျက်စိနားကဖြတ်မှတော့ဘယ်လိုလုပ်လမ်းလျှောက်ရတော့မှာလဲ။

မတတ်နိုင်ဘူးဖြတ်ဆိုလဲဖြတ်ရုံပေါ့ဆိုပြီးဆေးရုံသွားတော့၊ဖြတ်ရင်လဲမရတော့ဘူး၊သူ့ကို(HIV)ဖြစ်နေပြီလို့ပြော
လာပါတယ်၊ဒီတခါတော့ကျနော်တို့ကိုမှော်ကြာ(ကိုကျော်စွာ)ကြီးလည်းဘာပြောရမှန်းမသိတော့ဘူး၊သူ့ခမျာမ
စားနိုင်မသောက်နိုင်တငိုငို၊တရီရီဖြစ်နေတာ၊ဒီလိုဖြစ်တော့အလုပ်ကမဆင်းနိုင်တော့ငွေကလည်းမရှိ၊သူဌေးက
လည်းတာဝန်မယူဆိုတော့ပိုဆိုးတာပေါ့။

ကျနော်လည်းရောက်ရောက်ချင်းသတင်းကြားလို့သူ့ဆီသွားမေးတော့၊သူကအားကိုးတကြီးနဲ့ညီလေးရာအကို
တော့ဘယ်သူ့အားကိုးရမှန်းမသိတော့ဘူးကွာ၊ဒီလိုမြန်မာအလုပ်သမားတွေကိုကူညီတဲ့အဖွဲ့စည်းလေးရှိရင်ပြော
ပေးစမ်းပါလို့ပြောလာတော့ကျနော်လည်းသူစိတ်ချမ်းသာအောင်ဟုတ်ကဲ့လို့တော့ပြောလိုက်တယ်၊အခန်းပြန်
ရောက်တော့မှဘယ်သူ့ပြောရမှန်းမေးရမှန်းမသိတာနဲ့ကိုယ့်ဘလော့ထဲရေးပြီးပို့စ်အဖြစ်တင်လိုက်တယ်။

ကဲဗျာဒီပို့စ်ဖတ်ပြီးရင်ဘယ်သူဖြစ်ဖြစ်ဒီလိုကူညီတဲ့အဖွဲ့အစည်းတွေကိုသိတယ်ဆိုရင်တချက်လောက်ပြောပြပေး
ပါဗျာ၊အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။

FORWARD MAIL မှကဗျာလေးတပုဒ်

ဒီနေ့ပြည်တွင်းကဘော်ဒါတယောက်မေးလ်ပို့လာပါတယ်၊ကဗျာလေးတပုဒ်ပါ၊ဘယ်သူရေးတယ်ဆိုတာ
မပြောနိုင်ဘူး၊ဘယ်သူရေးမှန်းကိုမသိပါဘူး၊သူလဲမေးလ်ထဲကနေရတယ်လို့ပြောပါတယ်၊ကဗျာလေးက
ကောင်းနေတာနဲ့ပြန်ဖော်ပြပေးလိုက်ပါတယ်။ Read the rest of this entry »

Encyclopedie & Debt consolidation & poker sites